Saturday, June 29, 2013

အကုသိုလ်တရားကို ကုသိုလ်တရားဘက်သို့ ပြောင်းလဲခြင်းယတြာ

အကုသိုလ်တရားကို ကုသိုလ်တရားဘက်သို့ ပြောင်းလဲခြင်းယတြာ တနင်္ဂနွေ သား/သမီးများအတွက်ယတြာ (၁) သကြားနှင့် ချိုအောင်ဖျော်သော မန်ကျည်းဖျော်ရည် (၉)ခွက် (၂) အာလူးကြော် (၆)ပွဲ (၃) စူပါကော်ဖီ (၆)ခွက် (၄) ထီးဖြူ (၆)လက် (၅) အောင်သပြေပန်း မိမိအသက်ထက်(၁)ခက် ပိုထည့်ပါ။ (၆) ဘယာကြော် (၉)ခု (၇) ဖယောင်းတိုင်မီး (၅)တိုင် တန်ခိုးကြီးသော ဘုရားစေတီ၏ တနင်္ဂနွေထောင့်မှနေပြီး နံနက်(၇)နာရီမှ နံနက်(၉)နာရီအတွင်း ဘုရားကပ်လှူပါ။ ထိုသို့ ကပ်လှူပူဇော်ရသော ကုသိုလ်ကောင်းမှုကြောင့် တပည့်တော် တနင်္ဂနွေသား/သမီး(နာမည်ထည့်) သည် အလုံးစုံသော ကျရောက်ဆဲ၊ကျရောလတံ္တ့ သော ဘေးရန်မှတ်သမျှ အန္တရာယ် မှတ်သမျှ၊ရန်သူငါးပါးမှတ်သမျှ လျင်မြန်စွာ ကင်းဝေး ပပျောက် ချုပ်ငြိမ်း ကြပါစေကုန်သတည်း၊ (၅)ခါဆိုပြီး ဆုတောင်းပါ။ ယကြာ မပြုလုပ်ခင် ရှေးဦးစွာ ပြုလုပ်ရမည့် အစီအစဉ်မှာ… (၁) ကိုယ်လက် သန့်စင်ပြီး ရေမိုးချိုးပါ၊သန့်ရှင်းသော အ၀တ်အထည်များကို ၀တ်ပါ၊ (၂) ဗုဒ္ဓ္ဓ္ဓ္ဓဘုရားရှင်ထံတွင်(၅)ပါးသီလခံယူဆောက်တည်ပါ။ (၃) တန်ခိုးကြီးဘုရားမှာ မိမိမွေးနံထောင့်မှစပြီး ယတြာပြု ကပ်လှူ ပူဇော် ဆုတောင်းပါ။ (၄) ထို့နောက် ထိုကပ်လှူ ပူဇော် ဆုတောင်းပြီးခဲ့သည့်နေရာမှာပင် တထိုင်တည်းနှင့် အပြီး(သမ္ဗုဒ္ဓေ္ဓ္ဓ္ဓ ဂါထာတော်ကြီး)အား(၁၀၈)ခေါက်ရအောင် မှန်မှန်ရွတ်ဖတ် သရဇ္ဈာယ်ပေးပါ။ (၁၀၈)ခေါက် ရွတ်ဖတ် သရဇ္ဈာယ်ပြီးတိုင်း အရေးကြီးသော ဆု(၁)ဆုကို တောင်းခဲ့ရပါမည်။ ၄င်းယတြာကို တနင်္ဂနွေသား၊သမီးတို့သည် အရေးမကြီးပါက အရေးမကြီးသေးဟု ယူဆပါက တစ်ပတ်တစ်ကြိမ် တနင်္ဂနွေနေ့ကိုသာ လုပ်ရပါမည်၊အရေးကြီးသည်ဟု ယူဆပါက တနင်္ဂနွေနေ့ (၁)ကြိမ်၊အင်္ဂါနေ့(၁)ကြိမ်၊ကြာသာပတေးနေ့(၁)ကြိမ် တစ်ပတ်လျှင်(၃)ကြိမ် လုပ်ရသည့်အတွက် ထိုယကြာကို (၃)ဆင့် ယတြာဟု ဆိုလိုရင်း ဖြစ်ပါသည်။ပြုလုပ်ရမည့်ထောင့်က မပြောင်းလဲဘူး။ ထိုသုံးဆင့် ယတြာအားလုံးတို့သည် တနင်္ဂနွေ ထောင့်ကချည်း လုပ်ပေးရမည်ကို အထူးသတိပြုပါလေ။ မှတ်ချက်။ ။အန္တ္တရာယ်ကင်းယတြာမျိုးကို ဆောင်ရွက်တော့မည်ဆိုတိုင်း ဆိုတိုင်း အထက်ပါယတြာပြုလုပ်ရမည့် အဆင့်ဖြစ်သော(၁)မှ(၄)အထိ ထိုအစီအစဉ်တိုင်းကို မမေ့ပါနှင့်။အဆင့်ကျော် အကွက်ကျော်လည်း မလုပ်မိပါစေနှင့်။သူ့အစီအစဉ်အတိုင်း (၁)မှ(၄)အထိ ဆောင်ရွက်ရမည်ကို အထူးသတိထားသည့်သည်ဟု ဆိုလိုပါသည်။ ကျန်သော (၇)ရက်သား၊သမီးတို့သည်လည်း ထိုနည်းအတိုင်း ဆောင်ရွက်ရမည်ဟု သိမှတ်ကြရ၏။ ထိုယတြာကို မိမိကိုယ်တိုင်လုပ်နိင်ပါက ပိုပြီးထိရောက်စွာ ကောင်းကျိုးပေး၏ မိမိကိုယ်တိုင် မလုပ်နိင်ပါက မိမိ၏မိခင်သည်လည်းကောင်းဓ မိမိ၏ဖခင်သည်လည်း ကောင်း၊မိမိ၏အစ်ကို၊အမသည်လည်းကောင်း၊မိမိ၏ဇနီးမယားသည်လည်းကောင်း မိမိ၏ကိုယ်စား တာဝန်ယူပြီး လုပ်ပေးနိင်ပါသည်။ သို့သော် ဆုတောင်းပုံ ကပ်လှူပူဇော်ပုံတို့ကို ကျွမ်းကျင်လိမ္မာဖို့ အထူးလိုအပ်ပါသည်။ ဗုဒ္ဓ္ဓ္ဓ္ဓဘာသာဝင်တိုင်း ဆုတောင်းတာ ၊ကပ်လှူတာ ၊ပူဇော်တာများကို ကျွမ်းကျင်သည် မဟုတ်၊ဖာသိဖာသာ မကျွမ်းကျင်သောပုဂ္ဂိုလ်၊မကပ်လှူတတ်၊ ဆုမတောင်းတတ်သော ပုဂ္ဂိုလ်များ မြောက်များစွာ ရှိနေကြပါသည်။ တန်ခိုးကြီးဘုရားစေတီဆိုသည်မှာ မိမိနေထိုင်ရာ မြို့ရွာဒေသတွင် လူအများပှုဇော် ကန်တော့နေသော ဘုရားစေတီမျိုး ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုး ဘုရားပွဲ တော်ဖြစ်သော ဘုရားစေတီမျိုးကိုဆိုလိုပါသည်။ (အကြီးမားဆုံးသော ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီမျိုးကို သွားသင့်ပါလျှက် သွားရမည်မှန်းသိပါလျက် ခရီးဝေးလွင်းနေသဖြင့် ငွေကြေးကုန်ကျမှု ကားခကုန်မှာစိုးပြီး လိုက်ပို့မည့်သူမရှိသဖြင့် ကြုံရာကျရာ အနီးအနားက ဘုရားမှာဘဲ သွားပြီးယတြာလုပ်မည်ဆိုလျှင် လုံးဝမဖြစ်နိင်ပါ။ ယတြာပြုရာမှာ မထိရောက်နိင်ပါ။မအောင်မြင်နိင်ဘူးဟုဆိုလိုရင်းဖြစ်ပါသည်။ အထူးသတိပြုကြပါကုန်။) ပြည်မြို့ ဝေပုလ္လာရာမ ဆရာတော်ကြီး၏ မဟာအတိသုခ ယတြာကျမ်းထဲမှ (၇)ရက်သားသမီးအကျိုးစီးပွားအလို့ငှာ ကူးယူရေးသားအပ်ပါသည်။ စိတ်ဝင်စားသူများ www.sayaphone.webs.com တွင်လေ့လာနိင်ပါသည်။ http://yadayar.blogspot.com/ တွင်လေ့လာနိင်ပါသည်။ အကြောင်းညီညွတ်ပါစေ ဆရာဘုန်းမြင့်(ပြည်မြို့) ၀၉-၆၈၀၁၈၈၃ (၂၀း၅း၂၀၁၃)၀၁း၀၀

No comments:

Post a Comment